Burma Podcast Network

Burma Podcast Network

@burmapodcastnetwork · 19K subscribers · 339 videos · English

-Burma Podcast Network exist to make a collective social impact through podcasting. We collaborate with amazing people from different professions for colorfu…

Episodes

23:49

ဘဝပျက်သွားနိုင်သည့် ဆိုက်ဘာခြိမ်းခြောက်မှုများ | Digital သင်ပုန်းကြီး (Episode 2)

798 views · 6d ago · 23:49

ဘဝပျက်သွားနိုင်သည့် ဆိုက်ဘာခြိမ်းခြောက်မှုများ Digital သင်ပုန်းကြီး (Episode 2) မြန်မာနိုင်ငံ NGO၊ CSO၊ Start Up အသင်းအဖွဲ့များမှာ ဒစ်ဂျစ်တယ်လုံခြုံရေး ပြင်ဆင်ထားမှုတွေဟာ လုံးဝမရှိတာ သို့မဟုတ် အဖြစ်သဘောစာရွက်ပေါ်က လူနားမလည်တဲ့ IT စည်းကမ်းများအဖြစ် ရှိနေကြခြင်းအပေါ် ၁၃ နှစ်ကျော် ဆိုက်ဘာလုံခြုံရေးအတွေ့ကြုံရှိ Expert တစ်ယောက်နဲ့ ဆွေးနွေးအဖြေရှာကြည့်ခြင်း။

14:02

မှတ်မိနေတဲ့သီချင်းနှစ်ပုဒ် | ဉာဏ်သူပုန် Podcast (Season 3)

2.4K views · 1w ago · 14:02

ကြားဖူးနေကျသီချင်းတွေကိုပဲ အဖြစ်အပျက်အငွေ့အသက်တွေနဲ့ အထူးတလည်မှတ်မိနေကြတဲ့အဖြစ်မျိုး လူတိုင်းမှာရှိပါတယ်။ ဉာဏ်သူပုန်တင်ဆက်သူမောင်ရင်မှာလည်း ဒီလိုအဖြစ်ပျက်မျိုးရှိပြန်တယ်။ ခေတ်တစ်ခုကိုဖြတ်သန်းနေရင်း ခေတ်တစ်ခုကိုဖြတ်သန်းခဲ့ရသူတွေနဲ့ဆုံရင်း မြင်ကြားခဲ့ရတဲ့ဘဝတကွေ့ကို ပြောပြထားပါတယ်။ ဒီအဖြစ်ပျက်တွေထဲကပဲ နိုင်ငံရေး၊ လူမှုစီးပွားရေးတွေ အလေ့အထတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ သဟဇာတအကြောင်း ပါဝင်ပါတယ်။

31:16

ရွေ့ပြောင်းသွားလာဤလူ့ရွာ | Migrant Podcast (Episode 1)

5.4K views · 2w ago · 31:16

လူသားမျိုးနွယ်ဟာ အစဉ်သဖြင့် ရွေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ရေကြည်ရာမြက်နုရာဘဝ၊ လှည်းနေလှေအောင်းဘဝမှသည် ကျားဖြန့်ခေတ်အထိ တိုက်ကြီးတစ်ခုကတစ်ခု၊ အင်ပါယာတစ်ခုကတစ်ခု၊ နိုင်ငံတစ်ခုကတစ်ခုဆီ ရွှေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ဒီဖက်ခေတ်မှာတော့ သမိုင်းဦးကလို မြေတစ်ကွက်စိုက်မကောင်းလို့ နောက်တစ်ကွက်ဓါးမဦးချစိုက်သလို မရိုးရှင်းတော့။ စီမံခန့်ခွဲတဲ့အုပ်ချုပ်ရေးပုံစံတွေ အများကြီးပြောင်းလဲခဲ့ပြီးပါပြီ။

Topics: ရွေ့ပြောင်းသွားလာမှုဆိုတာ ဘယ်လိုမျိုးလဲ။ · လူတွေကော ဘာကြောင့်မို့လို့ ရွေ့ပြောင်းသွားလာကြသလဲ။ · ရွေ့ပြောင်းရခြင်းအကြောင်းရင်းများ · ဘာကြောင့် ရွေ့ပြောင်းသွားလာကြသလဲ။ · အလုပ်သမားဈေးကွက်နဲ့ အလုပ်အမျိုးအစား · ရောပြွမ်းရွေ့ပြောင်းမှုနဲ့ အထောက်အထား

34:36

ကလေးတိုင်းသည် အနည်းဆုံး အခြေခံပညာရေး၏ ပထမသုံးနှစ်ကို မိခင်ဘာသာစကားဖြင့် သင်ယူခွင့်ရသင့်ပါသလား?

2.6K views · 3w ago · 34:36

ကရင်ပြည်အစွန်းအဖျားသို့ရောက်လာသူတချို့က ဒေသခံများနှင့်တွေ့ကြရာတွင် “သူတို့က မြန်မာစကားလည်းမပြောတတ်ဘူး မြန်မာပြည်နေပြီး” ဆိုသည့်စိတ်ဖြစ်ကြသည်။ ထို့အတူ ရခိုင်စကားမတတ်သော မြို/ခမီ ဒေသခံများကို “ရခိုင်ပြည်နေပြီး ရခိုင်စကားမတတ်ဘူး” ဆိုသည့် စိတ်ဖြစ်ကြပြန်သည်။ ထိုပုဂ္ဂိုလ်တို့ အိန္ဒိယ သို့မဟုတ် ထိုင်းနိုင်ငံဖက် ရောက်ကြသည့်အခါ လမ်းဘေးစာများ၊ စကားများ စသဖြင့် ဘယ်အရာကိုမှ ရေရေလည်လည်ရော ရိပ်ဖမ်းသံဖမ်းပင် နားမလည်ကြတော့။ ထိုအခါတွင်မှ “မိခင်ဘာသာစကား” ၏ ခမ်းနားအရေးပါပုံကို…

11:13

ဘေထုပ်တန်း | ခံစားမှုအက်ဆေးများ (Episode 6)

1.7K views · 1mo ago · 11:13

ခံစားမှုအက်ဆေးများ (Episode 6) ဗဟုစုံတဲ့ရန်ကုန်၊ အခုတော့ မှောင်အတိမှာပဲ လူတွေတရုန်းရုန်းနဲ့။ တကယ်လို့ တည်ထားတဲ့ဘုရားတွေရဲ့ အံ့ဖွယ်တွေထဲမှာ အမြဲတမ်းလူစည်ကားခြင်းဆိုတာပါခဲ့ရင် ရန်ကုန်ကိုက အဲ့လိုအံ့ဖွယ်ရှိတဲ့မြို့။ ရေကြည်ရာ မြက်နုရာအမှတ်နဲ့ ရန်ကုန်ရောက်ကြသူတွေဟာ အခက်ခဲဆုံးဖြတ်သန်းပြီးမှ ရေကြည်တစ်ပေါက် သောက်ခွင့်ရတဲ့မြို့။ ကြယ်ငါးလုံးဟိုတယ်အပေါ်ဆုံးထပ်ကနေ လမ်းဘေးပလက်ဖောင်းထိ လောကဓံအစုံရှိရာမြို့ပေါ့။

13:08

ကမ္ဘာ၊ မြန်မာအရွေ့နဲ့ ကော်ပီဂီတခေတ်နှောင်း | ငါတို့ခေတ်ရဲ့ မဟာဂီတ (Episode 4)

2.1K views · 1mo ago · 13:08

ငါတို့ခေတ်ရဲ့ မဟာဂီတ (Episode 4) ဂီတကို ရှေးရိုးစွဲအမြင်တွေနဲ့ကြည့်ကြတာရယ်၊ နိုင်ငံတကာဆက်ဆံရေး၊ ကုန်သွယ်ရေးလုပ်တဲ့ နိုင်ငံဆိုတာ လက်ချိုးရေလို့ရတဲ့ခေတ်ရယ်၊ လူတွေကို ဘာမျှော်လင့်ချက်မှ မပေးနိုင်တဲ့ ၂၁ ရာစုအစောပိုင်းနှစ်တွေရယ် ပေါင်းလိုက်တဲ့အခါ အသစ်သစ်သော အနုပညာကိုဆာလောင်နေသူတွေအတွက် ရေခမ်းငါးတွေလို ဖြစ်ခဲ့ဖူးပါတယ်။ လမ်းပေါ်ကထီလှည်းမှာဖွင့်ထားတဲ့သီချင်းတွေထဲ အခွေသစ်ပါပြီဆိုရင် ထီသည်ကို ဖားပြီး ကိုယ့်လမ်းထဲမှာ ကြာကြာရပ်ခိုင်းခဲ့ရတဲ့လူတွေ အများကြီးပါပဲ။ ဂုဏ်သရေအပြားပြားရှိတဲ့…

Topics: Woodstock99 · NewAge · Post Britpop နဲ့ Indie rock

29:46

ပညာရေးစနစ် အရည်အသွေး မြှင့်တင်ခြင်းလား? ကျောင်းမတက်နိုင်သူ ကလေးများအားလုံး ပညာရေးလက်လှမ်းမီရေးလား?

2.4K views · 1mo ago · 29:46

မြန်မာပြည်ဟာ ဆင်းရဲမွဲတေတဲ့နိုင်ငံဖြစ်တယ်လို့ မျိုးဆက်များစွာက ကြေကွဲဖွယ် လက်ဆင့်ကမ်းပြောနေကြရပါတယ်။ ပြည်တွင်းစစ်ကဆက်ဖြစ်နေတော့ စစ်ဘေးဒုက္ခခံနေကြရသူတွေလည်း များစွာဆက်ရှိနေတယ်။ အလားတူ တစ်ဖက်မှာ နောက်မျိုးဆက်တွေရဲ့အနာဂတ်အလားအလာတွေဟာ မေးခွန်းထုတ် စောကြောဆွေးနွေးစရာကိစ္စကြီးဖြစ်လာပါတယ်။ ပညာရေးစနစ်လား၊ သင်ရိုးလား၊ လက်လှမ်းမီမှုလား၊ အရည်သွေးလား၊ အရေတွက်လား၊ မူဝါဒလား၊ လက်တွေ့လား၊ အရင်းမြစ်ပြဿနာလား၊ ပညာရေးသင်းသတ်ခံရမှုလား စသဖြင့် မြန်မာပြည်ကမှန်ရင်ခေါင်းခဲစဉ်းစားရမယ့်ကိစ္စတွေ…

14:15

သရဲမများနှင့် အိပ်စက်ခြင်း | ၁၄၅/၅၀၅ ထောင်မှတ်စု (Episode 6)

8.1K views · 1mo ago · 14:15

၁၄၅/၅၀၅ ထောင်မှတ်စု (Episode 6) လူ့အဖွဲ့အစည်းကို အပေါ်စီးက လက်နက်အားကိုးနဲ့ဗိုလ်ကျစိုးမိုးနေကြတဲ့ စစ်ဘီလူးအာဏာရှင်တွေကို တိုင်းပြည်ရဲ့ နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ၊ ဘဝများစွာ စတေးခံပြီး အသေခံပြီး အလကားတိုက်ခိုက်နေကြတာမဟုတ်ဘူး။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ထောင်ထဲမှာသေကြရသူ၊ သေနေကြသူတွေဟာ စာရင်းရှိ၊ စာရင်းမဲ့ များစွာရှိနေဆဲ။ “အာဏာသိမ်းတာငြိမ်ခံလိုက်ပေါ့လို့” ဉာဏ်တိမ် နလပိန်းတုံးလူ့အန္ဓတွေ နဲ့ အကျိုးစီးပွားဖက်အရိုးကိုက်တွေက ပြောတတ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘုံအလယ်မှာ မတရားမှုကို…

Showing the 8 most recent episodes. Everything plays right here on Pod Atlas.

Have thoughts about Burma Podcast Network ? Share them with other listeners.

Discuss this podcast

More Relationships & Family podcasts

← Back to all podcasts