Myanma Sarpay

Myanma Sarpay

@myanmasarpay · 13K subscribers · 446 videos · Burmese

MyanmaSarpay (မြန်မာ့စာပေ) ကျွန်တော်တို့ရဲ့ ဒီ Channel လေးကို MyanmaSarpay (မြန်မာ့စာပေ) လို့ အမည် ခေါ်ပါတယ်။ မြန်မာစာပေ မဟုတ်ပါဘူး။ မြန်မာ့စာပေ၊ မြန်မာ့ယဉ်က…

Episodes

12:04

ပုဂံခေတ် မြန်မာ့စာပေ

207 views · 8mo ago · 12:04

မြန်မာ့စာပေလို့ ပြောလိုက်ရင် ကျွန်တော်တို့ မြန်မာတွေ လက်ခံထားကြတာက ပုဂံခေတ်က ကျောက်စာတွေကနေ စတင်တယ်လို့ပဲ လက်ခံထားမိကြပါတယ်။ ဆရာကြီး ဉီးဖေမောင်တင်ရဲ့ မြန်မာ့စာပေသမိုင်းဆိုတဲ့ စာအုပ်မှာလည်း မြန်မာစာပေဟာ ပုဂံခေတ် ကျောက်စာတွေကနေ စတင်တယ်လို ရေးသားခဲ့ပါတယ်။ အဲ့ဒီကျောက်စာတွေထဲကမှ ပြောစမတ်အတွင်ဆုံးကတော့ “မြစေတီ” ကျောက်စာလို့ ခေါ်တဲ့ ရာဇကုမာရ် ကျောက်စာဖြစ်နေပါတယ်။

10:59

သင့်ရဲ့ ဘဝပြောင်းလဲဖို့ သင့်ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲ လိုက်ပါ

98 views · 8mo ago · 10:59

စာရေးဆရာကြီး Napoleon Hill ရဲ့ အအောင်မြင်ဆုံး စာအုပ်ဖြစ်တဲ့ “စိတ်ကူးပုံဖော် ခြင်းဖြင့် ချမ်းသာအောင်မြင်လိုက်ပါ” “Think And Grow Rich” ဆိုတဲ့ စာအုပ်မှာ ခင်ဗျား စိတ်ကူးပုံဖော်ပြီး တွေးလိုက်တဲ့ အရာအတိုင်း ခင်ဗျားဆီ ရောက်ရှိလာတတ်တယ် လို့ ရေးသားထားပါတယ်။

10:20

ဝံသာနု (စာရေးဆရာမကြီး လူထု ဒေါ်အမာ)

128 views · 10mo ago · 10:20

ဒီဝံသာနုဆိုတဲ့ ဝတ္ထုတိုလေးထဲမှာ ကိုလိုနီခေတ်က စီးပွားရေးအကြောင်း၊ အလုပ်အကိုင်တွေအကြောင်းနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အနေနဲ့ ကိုယ့်လူမျိုးတွေ နေရာရှိဖို့အတွက် ဘယ်လိုကြိုးစားခဲ့ပုံတွေ၊ ဒါ့အပြင် ကိုလိုနီခေတ်က အခြား လူမျိုးခြားတွေအနေနဲ့ ဘယ်အလုပ်တွေ လုပ်ကိုင်ကြသလဲဆိုတာတွေကို မျက်ဝါးထင်ထင်မြင်ရသလို ဗဟုသုတ ရရှိခဲ့ပါတယ်။

9:36

အချိန်တန် အရွယ်ရောက်တော့မယ်ဆိုရင် (လူထု ဒေါ်အမာ ရေးသားခဲ့တဲ့ ဝတ္ထုတို ဆောင်းပါး)

1.1K views · 10mo ago · 9:36

လူထု ဒေါ်အမာ ရေးသားခဲ့တဲ့ အမေ့ရှေးစကားဆိုတဲ့ စာအုပ်ထဲက ဝတ္ထုတို ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ အချိန်တန် အရွယ်ရောက်တော့မယ်ဆိုရင် ဆိုတဲ့ ဆောင်းပါးလေးကို စာရေးသူရဲ့ မူရင်း အရသာ မပျက်အောင် ဖတ်ပြ မျှဝေပေးထားပါတယ်။ မြန်မာ့စာပေ ပရိသတ်ကြီးအနေနဲ့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

6:24

မမလေးတို့ ထဘီ (လူထု ဒေါ်အမာ ရေးသားခဲ့တဲ့ ဝတ္ထုတို ဆောင်းပါး)

360 views · 10mo ago · 6:24

လူထု ဒေါ်အမာ ရေးသားခဲ့တဲ့ အမေ့ရှေးစကားဆိုတဲ့ စာအုပ်ထဲက ဝတ္ထုတို ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ မမလေးတို့ ထဘီ ဆိုတဲ့ ဆောင်းပါးလေးကို စာရေးသူရဲ့ မူရင်း အရသာ မပျက်အောင် ဖတ်ပြ မျှဝေပေးထားပါတယ်။ မြန်မာ့စာပေ ပရိသတ်ကြီးအနေနဲ့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

6:42

ဒေါ်လာ ၁၀ ကနေ မီလျံနာဖြစ်လာသည့် ခရမ်းချဉ်သီးအရောင်းသူ (Inspiring Story)

74 views · 10mo ago · 6:42

ဒေါ်လာ ၁၀ ပဲ ကျန်ခဲ့တဲ့ လူငယ်တစ်ယောက်က၊ ခရမ်းချဉ်သီးအရောင်းကနေ စတင်ပြီး မီလျံနာအဖြစ်သို့ ဘယ်လိုရောက်ရှိသွားသလဲ? တကယ်လို့ ခင်ဗျားဟာ ပြီးပြည့်စုံခြင်းရှိတော့မှ အောင်မြင်မှုကို လျှောက်လှမ်းနိုင်မယ်လို့ ခံယူထားပြီး ပြီးပြည့်စုံတဲ့ အချိန်အထိ စောင့်ဆိုင်း နေတတ်တဲ့ လူတစ်ယောက်ဆိုရင် ဒီဗီဒီယိုလေးထဲမှာ ပြောပြထားတဲ့ ပုံပြင်လေးက တကယ်ကို Inspire ဖြစ်စေပါလိမ့်မယ်။

6:23

ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို လျစ်လျူရှုလိုက်ပါ

185 views · 11mo ago · 6:23

သူတို့ပြောသမျှကို ခေါင်းထဲထည့်ပြီး အရေး တယူပြုနေမယ်ဆိုရင် မိမိတို့ရဲ့ ရည်ရွယ်ချက်ကို ရောက်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ ဝေဖန် အပြစ်တင်မှုကို အတတ်နိုင်ဆုံး လျစ်လျူရှုလိုက်ပါ။ Youtube

11:44

Thanksgiving နေ့ ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ?

159 views · 11mo ago · 11:44

မြန်မာ့စာပေ စာဖတ်ပရိသတ်ကြီးအတွက် ဗဟုသုတ ရစရာ အကြောင်းအရာတွေအများကြီးထဲကမှ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ ရိုးရာ တစ်ခုဖြစ်တဲ့ Thanksgiving နေ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ Thanksgiving နေ့ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲ။ Thanksgiving နေ့ကို ဘယ်လို အဓိပ္ပါယ်တွေနဲ့ ကျင်းပကြသလဲ။ Thanksgiving နေ့ကို ဘာလို့ နိုင်ငံတော် အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့တာလဲ။

5:49

မြန်မာစာ ဆရာကြီး ဂုဏ်ထူး ဉီးသိန်းနိုင်

270 views · 11mo ago · 5:49

မြန်မာနိုင်ငံရဲ့ မြန်မာ့စာပေ လောကမှာ မြန်မာစာကို ချစ်ခင်တန်ဖိုးထားပြီး တကယ့်ကို ထူးချွန် ပြောင်မြောက်လှတဲ့ ကြယ်ပွင့် တစ်ပွင့် ကို ဆုံးရှုံးလိုက်ရပေမဲ့ ဆရာ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အမြဲတမ်း ဂုဏ်ယူနေမိမှာ အသေချာပါပဲ။ ကျွန်တော်တို့ MyanmaSarpay Youtube Channel မှလည်း စာဖတ် ပရိသတ်ကြီးကို ဆရာ့ရဲ့ အကြောင်းလေး မျှဝေပြီး ဆရာ့ရဲ့ နောက်ဆုံး ခရီးကို ဒီဗီယိုနဲ့ နှုတ်ဆက်ဂါဝရ ပြုလိုက်ပါတယ်။

1:04:33

ဆရာ ဟန်ဆန်းနဲ့ စာပေ Talk Show [MyanmaSarpay (မြန်မာ့စာပေ)]

988 views · 11mo ago · 1:04:33

ဆရာ ဟန်ဆန်းအနေနဲ့ ကျွန်တော်တို့ MyanmaSarpay အတွက် Talk Show ရဲ့ Host အနေနဲ့ရော၊ အခြား စာပေ အရေးအရာတွေကို တွေကို မျှဝေဟောပြောပေးတဲ့ ဆရာတစ်ယောက်အနေနဲ့ ပါဝင် ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်လည်း ကျွန်တော်တို့ MyanmaSarpay (မြန်မာ့စာပေ) ရဲ့ Talk Show အစီအစဉ်အတွက် “ရေးသူဖတ်သူနှင့် စာပေပလက်ဖောင်း အပြောင်းအလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမျှဝေပေးထားပါသေးတယ်။

55:29

ဆရာ ခွန်းညိုသွေးနဲ့ စာပေ Talk Show [MyanmaSarpay(မြန်မာ့စာပေ)]

1.6K views · 1y ago · 55:29

အခုနောက်ပိုင်း လူငယ်စာရေးဆရာတွေထဲမှာ နာမည်အသင့်အတင့်ရနေတဲ့ လူငယ် စာရေး ဆရာ ခွန်းညိုသွေး အနေနဲ့ MyanmaSarpay(မြန်မာ့စာပေ) ရဲ့ စာပေ Talk Show အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ ဆရာ ခွန်းညိုသွေး အနေနဲ့ ဒီအစီစဉ်မှာ ဘာတွေ ပြောသွားလဲ၊ ကျွန်တော်တို့ MyanmaSarpay အနေနဲ့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးသွားခဲ့လဲ ဆိုတာကို ကြည့်ရှုနားဆင်ပေးကြပါအုံး။

Showing the 14 most recent episodes. Everything plays right here on Pod Atlas.

Have thoughts about Myanma Sarpay? Share them with other listeners.

Discuss this podcast

More Society, Culture & Lifestyle podcasts

← Back to all podcasts